မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၆၊ ၇၊ ၈၊ ၉]

Thursday, January 29, 2009

၆။ တလသားအရွယ်
သိဒ္ဓတ္ထမင်းသား တလသားအရွယ်တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် လယ်ထွန်မင်္ဂလာကျင်းပရာသို့ ခေါ်ဆောင်သွားသည်။ ခမည်းတော် လယ်ထွန်မင်္ဂလာ ပြုနေစဉ် အနီးရှိ ဇမ္ဗုသပြေပင်အရိပ်၌ သိပ်ထားသည်။ ထိုအခါ သိဒ္ဓတ္ထမင်းသားကလေးသည် အိပ်ရာထက်တွင် တင်ပျဉ်ဖွဲ့ခွေထိုင်လျက် အာနာပါန ကမ္မဌာန်းကို စီးဖြန်းနေသည်။

ထိုအံ့ဖွယ်အခြင်းအရာကို တွေ့မြင်သောအခါ ခမည်းတော်သည် သားတော်ကို ဒုတိယအကြိမ် ရှိခိုးသည်။

6. At the age of one month.
When Prince Siddhattha was one month old, his father King Suddhodana took him to the site where the royal ploughing ceremony was held. While the king was engaged in royal ploughing, he let his son Prince Siddhattha sleep under the shade of the nearby Eugenia tree. Prince Siddhattha then sat cross legged on the bed, observed the inhalation and exalation (in and out breathing) meditation.
King Suddhodana seeing that miraculous event, paid homage to his son for the second time.


၇။ ၁၆-နှစ်သားအရွယ်
သိဒ္ဓိတ္ထမင်းသား ၁၆ နှစ်သားအရွယ်သို့ ရောက်သောအခါ မင်းကြီးသည် သားတော် အတွက် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးတွင် အလဲအလှယ်စံနိုင်ရန် နန်းမသုံးဆောင် ဆောက်လုပ်ပေးသည်။ စည်းစိမ်အမျိုးမျိးကို ခံစားစေသည်။
တနေ့တွင် သုဒ္ဓေါဒနမင်းကြီးသည် စိတ်အကြံ ဖြစ်ပေါ်လာသည်။
"ယခု ငါ့သားတော်သည် အရွယ်ရောက်လာပြီ။ ...သင့်လျော်သော မင်းသမီးနှင့် ထိမ်းမြား၍ ထီးနန်းအပ်မှ တော်မည်။ သားတော်သည် မင်းစည်းစိမ်ကို ခံစားနေရလျှင် တောထွက်လိုစိတ် ပေါက်မည်မဟုတ်။ သို့မှသာ စကြာဝတေးဖြစ်လာမည်ကို ငါမြင်ရမည်။"
သို့ဖြင့် သားတော်အတွက် မိဖုရားရွေးချယ်နိုင်ရန်၊ "မိမိတို့၏ သမီးတော်များကို ပို့လွှတ်ကြပါ" ဟူ၍ ဆွေတော်မျိုးတော်တို့ထံ အကြောင်းကြားသည်။

7. At the age of sixteen.
When Prince Siddhattha attained the age of sixteen, for him King Suddhodana constructed three palaces in accordance with the three seasons, viz: Summer, Winter and Rainy season. The king let his son enjoy all sorts of luxuries.
One day King Suddhodana had a contemplation thus, "Now, my son has reached marriageable age. It will be proper to marry him to a suitable princess and bestow the sovereignty to him. In this way, enjoying the luxuries of kingship, my son will not want to become a recluse and retire (to the forest). Thus I will perceive him as a unversal monarch."
So the king sent message to his relatives to send their daughters to be chosen as bride for his son.


၈။ လေးတင်ပွဲ
ထိုအခါ သာကီဝင်မင်းများက အထင်မြင်သေးစကားကို အချင်းချင်း ပြောဆိုကြသည်။
"သိဒ္ဓတ္ထမင်းသားသည် ရုပ်သာချောသည်။ ပညာမတတ်၊ သားမယားကို ကျွေးမွေး စောင့်ရှောက်နိုင်မည်မဟုတ်။ ငါ့သမီးများကို မပေးနိုင်။"
ထိုစကားကို သုဒ္ဓေါဒနမင်းကြီးကြားသော် သားတော်ကို ပြောပြသည်။ ထိုအခါ သိဒ္ဓတ္ထမင်းသားသည် ပရိသတ်ဗိုလ်ပုံအလယ်၌ လေးအတတ်ကို ပြသည်။ အကျွမ်းကျင်ဆုံး လေးသမားများထက် သာလွန်နေသည်။ ဆွေတော်မျိုးတော်များနှင့် တိုင်းသူပြည်သားတို့ အံ့ချီးမဆုံး ရှိကြသည်။

8. Exhibition of skill in archery.
Sakyan kings discussed the low opinion of Prince Siddhattha among themselves in this way, "Prince Siddhattha is only handsome but has no knowledge (of arts and craft). He will not be able to support the family. So we cannot send our daughters."
King Suddhodana hearing their words of low opinion of his son told his son. Then Prince Siddhattha showed his skill in archery in the midst of the multitude. His skill is much better than those of the skilled archers. Relatives and citizens were much surprised and spoke words of honour and praise of the Prince.


၉။ ယသော်ဓရာနှင့် ထိမ်းမြားပွဲ
ထိုအခါမှ လက်ဆောင်ပဏ္ဏာများနှင့်တကွ သမီးကညာတို့ကို လာရောက် ဆက်သကြသည်။ မင်းကြီးသည် သူတို့အထဲမှ ယသော်ဓရာမင်းသမီးကို ရွေးချယ်သည်။ သိဒ္ဓိတ္ထမင်းသားနှင့် ထိမ်းမြားပေးသည်။ (ယသော်ဓရာသည် သုဒ္ဓေါဒနမင်းကြီး၏ ညီမတော် အမိတ္တာနှင့် ဒေ၀ဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏ သမီးတော်ဖြစ်သည်။ သိဒ္ဓတ္ထမင်းသားနှင့် မောင်နှမတ၀မ်းကွဲ တော်စပ်သည်)
သုဒ္ဓေါဒနမင်ကြီးသည် သားတော်ကို ထီးနန်းလွှဲအပ်ပေးသည်။ သိဒ္ဓတ္ထမင်းသည် မင်းသားဖြစ်စဉ်ကထက် စည်းစိမ်ချမ်းသာကို ပိုမိုခံစားရသည်။ သူ၏ ဘုန်းတန်ခိုး အရှိန်အ၀ါကြောင့် တိုင်းနိုင်ငံလည်း သာယာအေးချမ်းသည်။

9. Marriage with Yasodhara.
Then the relatives sent their daughters with valuables and presents. Out of them King Suddhodana chose Yasodhara and married her to Prince Siddhatha. Yasodhara was the daughter of Devadaha King, Suppabuddha and Amitta was the sister of King Suddhodana. Thus- Yasodhara was first cousin of Prince Siddhattha.
King Suddhodana bestowed the kingship to his son. As a king Prince Siddhattha enjoyed greater luxuries than as a prince. Because of his power and glory the country became peaceful and prosperous.

0 comments:

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP