မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄]

Tuesday, February 17, 2009



၁၀။ သူအို၊ သူနာ
သိဒ္ဓတ္ထမင်းသည် သက်တော် ၂၈-နှစ်သို့ ရောက်သောအခါ တနေ့တွင် ဥယျာဉ်သို့ တောကစားထွက်သည်။ နတ်တို့က ဖန်ဆင်းပြသဖြင့် လမ်းခုလတ် တနေရာတွင် သူအိုကို တွေ့သည်။
"လောက၌ မွေးဖွားလာသူမှန်သမျှ အိုမင်းရမည်သာတကား" ဟူ၍ သံဝေဂရကာ နန်းတော်သို့ လှည့်ပြန်သည်။
လေးလကြာသောအခါ ဒုတိယအကြိမ် ဥယျာဉ်သို့ ထွက်ပြန်သည်။ လမ်းတွင် သူနာတယောက်ကို တွေ့သည်။
"နာခြင်းသဘောကို မည်သူမျှ မလွန်ဆန်နိုင်ပါတကား" ဟု သံဝေဂရပြန်သည်။ နန်းတော်သို့ ပြန်ခဲ့ပြန်သည်။

10. The aged and the sick.
Prince Siddhattha reached the age of twenty eight and one day he went to the royal garden for sports. On his way to the garden and at a certain place he saw an aged man who was created and shown by the gods.
"In this world who ever was born is susceptible to old age," thus becoming agitated he returned to the palace.
After four months, for the second time He went to the royal garden and on the way saw a sick person.
"No one can go against sickness," thus He again became agitated and returned to the place.

၁၁။ သူသေ၊ ရဟန်း
နောက်လေးလကြာသောအခါ သိဒ္ဓတ္ထမင်းသည် တတိယအကြိမ် ဥယျာဉ်သို့ ထွက်ပြန် သည်။ လမ်းတွင် သူသေကို တွေ့သည်။
"အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောကို မည်သူမျှ မလွန်ဆန်နိုင်ပါတကား၊ သည်လောကတွင် အို၊ နာ၊ သေဘေးမှ လွတ်မြောက်ရာ နည်းလမ်း မရှိတော့ပြီလော။ သည်ဘေးတို့မှ ငါလွတ်မြောက်ချင်စမ်းပါဘိ" ဟုဆိုကာ နန်းတော်သို့ ပြန်ခဲ့ပြန်သည်။
နောက်လေးလကြာသောအခါ စတုတ္ထအကြိမ် ဥယျာဉ်သို့ ထွက်ပြန်သည်။ သည်အချိန်၌ကား၊ ရဟန်းတပါးကို တွေ့မြင်သည်။
"ရဟန်းအဖြစ်သည် ကောင်းမြတ်ပေစွ" ဟူ၍ ကျူးရင့်မိသည်။

11. The dead and the monk.
After the elapse of four months, Prince Siddhattha went again to the garden for the third time. On the way he encountered a dead person.
Felling much depressed and agitated He said. "No body can overcome the nature of oldness, sickness and dead. Is not there any means of escape from old age, sickness and death? I want to be free from this dangers," and returned to the palace.
After four months He again went the garden and on the way beheld a monk. Uttering praise of the monk thus, "Monkhood is noble." He went to the garden.


၁၂။ ရာဟုလာ
သိဒ္ဓတ္ထမင်းသည် ကြည်လင်ရွှင်လန်း နှစ်သက်သဖြင့် ဥယျာဉ်သို့ ဆက်သွားသည်။
"ထီးနန်းကို စွန့်၍ ငါ တောထွက်မည်။ အို၊ နာ၊ သေဘေးတို့ ငြိမ်းအေးရာ တရားကို ငါတွေ့အောင် ရှာမည်" ဟု ဥယျာဉ်ဝယ် တနေ့လုံး ကြံစည်စိတ်ကူးကာ စံပယ်နေခဲ့သည်။
ညနေချမ်းအချိန်သို့ ရောက်သောအခါတွင်မှ နန်းတော်သို့ ပြန်ရန် ရထားထက်သို့ တက်သည်။ ထိုစဉ် မင်းချင်းတယောက် ရောက်လာ၍-
"အရှင့်သား၊ ယသော်ဓရာမိဖုရားတွင် သားတော်ကလေး ဖွားမြင်ပါသည်" ဟူ၍ လျှောက်ထားလေသည်။
သည်တွင် မိမိအကြံကို သားတော်ကလေး နှောင့်ယှက်တော့မည် ဟူသော အဓိပ္ပါယ်ဖြင့် ရုတ်တရက် ဆိုလိုက်သည်။
"ရာဟုဖမ်းပြီ။ အနှောင်အဖွဲ့ ဖြစ်ပြီ"
ထိုစကားကိုယူ၍ သားတော်ကလေးကို 'ရာဟုလာ' ဟု အမည်ပေးလေသည်။

12. Rahula.
King Siddhattha feeling pleased and joyful proceeded to the garden.
Contemplating for the whole day thus, "After relinguishing the sovereignty I shall retire (to the forest) and shall seek for the tranquil doctrine (dhamma) which is free from old age, sickness and death," He stayed in the garden.
In the evening as the King mounted the royal carriage to return to the palace, a person of the King's Service arrived and told the King, "Your majesty! Queen Yasodhara has given birth to a son."
On hearing the news, thinking "This little son will hinder my intention" He uttered immediately thus, "Rahu has seized ; bondage is produced."
With regard to this utlerance, the young son was named "Rahula."


၁၃။ တရေးနိုးသော်
ထိုနေ့ညတွင် အခါတိုင်းကဲ့သို့ပင် နန်းတွင်းသူများက အတီး၊ အမှုတ်၊ အဆို၊ အကတို့ဖြင့် သိဒ္ဓတ္ထမင်းကို ဖျော်ဖြေကြသည်။
သိဒ္ဓတ္ထမင်းသည် ရှေးကကဲ့သို့ ပျော်ရွှင်နှစ်သိမ့်ခြင်း မရှိဘဲ၊ မကြာမီ စက်ပျော် သွားသည်။ နန်းတွင်းသူများလည်း တီးမှုတ်ကခုန်ခြင်းကို ရပ်ကာ ထိုနေရာမှာပင် အိပ်စက်ကြသည်။
သိဒတ္ထမင်းသည် သန်းခေါင်ချိန်လောက်တွင် တရေးနိုးသဖြင့် အိပ်ရာမှ ထကြည့်သည်။ နန်းတွင်သူများ ဖရိုဖရဲ အိပ်နေကြပုံကို စိတ်ပျက်ဖွယ် တွေ့မြင်ရသည်။ နန်းတော်ကြီးတခုလုံးကို သုသန် တစပြင်ပမာ ထင်မှတ်လာသည်။
'ယခုညပင် တောထွက်တော့မည်' ဟု ဆုံးဖြတ်လိုက်သည်။ ဆန္ဒအမတ်ကို သွား၍နှိုးကာ-
"အမောင်ဆန္ဒ၊ သည်ညပင် ငါ တောထွက်တော့မည်။ ငါ့အတွက် ကဏ္ဍကမြင်းတော်ကို ပြင်ချေ" ဟု မိန့်တော်မူသည်။
ဆန္ဒအမတ် မြင်းပြင်နေစဉ် သိဒ္ဓတ္ထသည် သားတော်ရာဟုလာကို ရှုမြင်လိုစိတ် ဖြစ်ပေါ်လာသည်။ ယသော်ဓရာ၏ တိုက်ခန်းဆောင်တံခါဝသို့ ကြွလှမ်း၍ ကြည့်ရှု၏။

13. Wake up from sleep at midnight.
That night the royal dancers entertained Prince Sidhattha as before with songs, music and dances.
Prince Siddhattha not enjoying the entertainments as before, went to sleep in the moment. Female attendants also stopped their music and dances and slept there and then.
Prince Siddhattha woke up in the middle of the night and getting up looked around. He saw the court attendants sleeping in disarray and felt disgusted. The entire palace appeared to be cemetery.
He made up his mind to retire that very night. A wakening the minister Channa, He gave orders thus, "Channa! I shall renounce the world this very night; so saddle the horse Kandaka for me."
While Channa was making the horse ready, Prince Siddhattha desired to look at his son. So He went towards the door of Yasodhara's chamber and looked at his son.

1 comments:

Blogger said...

+$3,624 profit last week!

Receive 5 Star verified winning bets on NFL, NBA, MLB and NHL + Anti-Vegas Smart Money Signals!!!

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP