မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၃၊ ၄၊ ၅] ပြုစုသူ- မင်းယုဝေ။ သရုပ်ဖော်-ပန်းချီဦးစိန်

Tuesday, January 20, 2009

၃။ ဘုရားလောင်းနှင့် ကာလဒေ၀ီလ ရသေ့ကြီး
ဘုရားလောင်းဖွားမြင်သည် ကြားသဖြင့် ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်မှ ဆွေတော်မျိုးတော်များ စုဝေးရောက်လာကြသည်။ မာယာဒေ၀ီနှင့် ဘုရားလောင်းကို ကပိလ၀တ်ပြည်သို့ ခေါ်ဆောင်သွားကြသည်။

သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော ကာလဒေ၀ီလရသေ့ကြီးသည် နန်းတော်သို့ ကြွရောက်လာသည်။ မင်းကြီးက သားတော်ကို ရသေ့ကြီးအားပြ၍ "သားတော်၊ ဆရာမြတ်ကို ရှိခိုးလော့" ဟူ၍ ဆို၏။
ဘုရားလောင်းက ရှိမခိုး။ ရသေ့ကြီး၏ ဦးခေါင်းထက်၌ ခြေစုံရပ်လျက် တည်သည်။
အံ့ဖွယ်သရဲ ထူးကဲလှသဖြင့် ရသေ့ကြီးက ဘုရားလောင်းကို ရှိခိုးသည်။ မင်းကြီးကလည်း သားတော်ကို ပထမဆုံးအကြိမ် ရှိခိုးသည်။
ရသေ့ကြီးသည် ဘုရားလောင်းကို စူးစိုက်ကြည့်ကာ ရယ်လည်းရယ်သည်။ ငိုလည်းငိုသည်။ မင်းကြီးက မေးသောအခါ ရသေ့ကြီးက "မင်းမြတ်၊ သင့်သားတော်သည် ဘုရားဖြစ်လိမ့်မည်။ ထို့ကြောင့် ငါဝမ်းသာ၍ ရယ်သည်။ သို့ရာတွင် သားတော် ဘုရားဖြစ်ချိန်၌ ငါသေလွန်ပြီး ဖြစ်နေမည်။ ထို့ကြောင့် ၀မ်းနည်း၍ ငိုသည်" ဟူ၍ဆို၏။

3. Bodhisat and Kaladevi hermit.
On hearing that Bodhisat had been born, royal relatives from Kapilavatthu and Devadaha arrived together at the sal grove. Then they carried Mayadevi and Bodhisat to Kapilavatthu.
Kaladevila hermit who was revered by King Suddhodana came to the palace.The King then showed his son to the sage and told the Bodhisat "Dear Son! pay homage to the reverend sage." Bodhisat did not pay homage but stood up on the hermit's head.
It was so astonishing and surprising that the great sage paid homage to the Bodhisat. The King also paid homage to his son for the first time.
The great sage looking concentrating at the Bodhisat lough and wept simultaneously. When the King asked about it, the sage replied, "Your majesty! your son will become the Enlightened one (Buddha); on count of that I feel happy and so I lough. But at the time your son will be Buddha, I have passed away and so I feel very dejected and so I weep."

၎။ သိဒ္ဓတ္ထ
ငါးရက်မြောက်သောနေ့တွင် မင်းကြီးက ပုဏ္ဏားတော်များကို ဖိတ်သည်။ သားတော်၏ လက္ခဏာတို့ကို ကြည့်ရှု ဖတ်ကြားစေသည်။ ပုဏ္ဏားတော် ခုနှစ်ယောက်တို့က "သားတော်သည် စကြ၀တေးမင်းသော်လည်းကောင်း၊ ဘုရားသော်လည်းကောင်း ဖြစ်လိမ့် မည်" ဟူ၍ နှစ်ခွ ဆိုကြသည်။ အငယ်ဆုံးဖြစ်သော ကောဏ္ဍညပုဏ္ဏားကမူ "အရှင့်သား တော်သည် တောထွက်၍ ဘုရားဧကန်ဖြစ်လိမ့်မည်" ဟူ၍ တမျိုးတည်းသာဆိုသည်။
မင်းကြီးက "ငါ့သားတော်သည် ဘယ်အရာကို မြင်၍ တောထွက်မည်နည်း" ဟု မေးမြန်းသည်။
"သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်၍ တောထွက်ပါမည်" ဟူ၍ ကောဏ္ဍညပုဏ္ဏားက ဖြေကြားသည်။
ဘုရားလောင်းကို 'သိဒ္ဓတ္ထ' ဟူ၍ အမည်ပေးသည်။ ဂေါတမအနွယ် ဖြစ်သောကြောင့် 'သိဒ္ဓတ္ထဂေါတမ' ဟူ၍လည်း ခေါ်ကြသည်။

4. Siddhattha.
On the fifth day the king invited the court bramins and asked them to read the future of Bodhisat. The seven brahmins told the king. "Your son will become either the sovereign of the whole universe or the Enlightened Buddha;" thus they prophesied in two ways. But the youngest brahman Kondannya said definitely. "Your son will retire from the world and become the Enlightened Buddha."
The King then asked, "What will he see and retire from the world?"
Kondannya brahmin replied, "He will retire from the world after seeing the four omens viz; an old man; a sick person; a dead person and a monk." Bodhisat was named Siddhattha and as he was of the Gotama clan He was also called Siddhattha Gotama.


၅။ ခမည်းတော်၏ဆန္ဒ
ခုနှစ်ရက်မြောက်နေ့တွင် မာယာဒေ၀ီမိဘုရားကြီး နတ်ရွာစံသွားရှာသည်။ မြောက်နန်းစံ ညီမတော်ဂေါတမီသည် မိဖုရားခေါင်ကြီး ဖြစ်လာသည်။
မိထွေးတော် ဂေါတမီသည် သိဒ္ဓတ္ထမင်းသားကလေးကို သားတော်အရင်းပမာ မွေးမြူစောင့်ရှောက်သည်။ ကိုယ်တိုင် နို့ချိုတိုက်ကြွေးသည်။ သိဒ္ဓတ္ထမင်းသားကလေး ဖွားမြင်ပြီး နှစ်ရက်-သုံးရက်အကြာတွင် ဂေါတမီသည် နန္ဒမင်းသားကလေးကို ဖွားမြင်သည်။ သို့သော် သားတော်ရင်းကို နို့တိုက်ရန် နို့ထိန်းများကိုသာ လွှဲထားသည်။
မင်းကြီးသည် သားတော်အား လေးကျွန်းလုံးကို အစိုးရသော စကြ၀တေးမင်းသာ ဖြစ်စေချင်သည်။ ဘုရားမဖြစ်စေချင်။ ထို့ကြောင့် သူအို၊ သူနာ၊ သူသေ၊ ရဟန်းတို့ကို နန်းတွင်း၊ မြို့တွင်းနှင့် နှစ်မိုင်ခန့်ထိ ရောက်မလာအောင် အစောင့်များချထားသည်။
"နိမိတ်ကြီးလေးပါးကို ငါ့သားတော် မမြင်ရအောင် အထူးဂရုပြု စောင့်ရှောက်ကြလော့" ဟူ၍လည်း မှာကြားထားသည်။

5. Desire of Bodhisat's father
On the seventh day Queen Mayadevi passed away and her younger sister, the lesser queen became the chief queen.
Step mother Gotami looked after and brought up the little prince Siddhattha as her own son. She herself fed the prince. Two or three days after the birth of Prince Siddhattha, Gotami gave birth to a son called Prince Nanda. But she entrusted her own son to the wet-nurses to breed.
As for King Suddhodana, he wanted his son only to become the sovereign of the entire universe instead of becoming an Enlightened Buddha. So the king forbid old and aged, sick and the dead, and the monks to come within two miles of the palace, inner-city and outer-city. To prevent them the king placed guards all around the palace, inner-city and outer-city ordering them. "In order that my son will not see the four omens, so you all guard diligently."

0 comments:

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP