မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၂၂၊ ၂၃၊ ၂၄၊ ၂၅] ပြုစုသူ- မင်းယုဝေ။ သရုပ်ဖော်-ပန်းချီဦးစိန်

Friday, January 15, 2010

၂၂။ ဗောဓိညောင်ပင်သို့
ညနေချမ်းသို့ ရောက်သောအခါ ဘုရားလောင်းသည် ထိုနေရာမှ တမိုင်ခန့်ကွာဝေး သော ဗောဓိညောင်ပင်ရှိရာသို့ ကြွသွားသည်။ လမ်းတွင် မြက်ရိတ်သမား သောတ္ထိယနှင့် တွေ့သဖြင့် မြက်ရှစ်ဆုပ်ကို အလှူခံခဲ့သည်။
ဗောဓိညောင်ပင်ရင်းသို့ ရောက်သောအခါ မြက်ရှစ်ဆုပ်ကို ဖြန့်ခင်းသည်။ တင်ပျဉ်ခွေ ထိုင်ကာ အာနာပါနကမ္မဌာန်းကို စီးဖြန်းသည်။ "ဘုရားအဖြစ်သို့ မရောက်သမျှ သည်နေရာက မထတော့ပြီ" ဟုလည်း အဓိဌာန်ပြုသည်။


22. Towards the Sacred Bo-tree
In the evening Bodhisat went to the sacred Bo-tree which was about a mile away from that place. On the way, meeting Sotthiya, the grass reaper asked for eight grasps of grass.
At the foot of the sacred Bo-tree He spread out the grass and sitting cross-legged meditated the inhalation and exhalation meditation. Bodhisat made the resolution that He would not get up from that place till He attained the Buddhahood.

၂၃။ မာရ်နတ်ကို အောင်ခြင်း
ထိုစဉ် မာရ်နတ်သားသည် များပြားလှသော စစ်သည်ဗိုလ်ပါတို့ ခြံရံလျက် ထိုနေရာမှ ထသွားစေရန် အမျိုးမျိုး နှောင့်ယှက်တိုက်ခိုက်သည်။
ဘုရားလောင်းက မိမိဘုရားဖြစ်ရန် ဘ၀များစွာ ပါရမီဖြည့်ခဲ့သည်ကို ဤမြေကြီးအသိ ဟု သက်သေထူသည်။
မြေကြီးသည် အသံပြင်းစွာ တုန်ဟည်းအော်မြည်လာသည်။ မာရ်နတ်နှင့်တကွ စစ်သည်များ ဖရိုဖရဲ ထွက်ပြေးကြသည်။
(အောင်ခြင်းရှစ်ပါးတွင် တပါးဖြစ်ပါသည်။)

23. Victory over Mara.
There and then, the god Mara accompanied by multitude of armies annoyed and attacked in various ways to deprive Bodhisat from that place.
Bodhisat made the earth his witness saying that the earth was aware of the fact that for many existences Bodhisat had fulfilled the principal virtues to become a Buddha.
The earth with a great roaring noise shook and trembled violently. Mara with his armies fled in disarray.
(One of the eight Victories)

၂၄။ ဘုရားဖြစ်ခြင်း
ဘုရားလောင်းသည် မာရ်နတ်ကို အောင်မြင်ပြီးနောက် အာနာပါန ကမ္မဌာန်းတရားကို ဆက်လက်၍ အားထုတ်သည်။ ထိုအခါ ညဥ့်ဦးယံ၌ လွန်လေပြီးသော ဘ၀ပေါင်းများစွာကို ပြန်၍ အောက်မေ့ဆင်ခြင် သိနိုင်စွမ်းသော ပုဗ္ဗေနိဝါသဥာဏ်ကို ရတော်မူသည်။ သန်းခေါင်ယံ ၌ သုံးဆယ့်တဘုံလုံးတွင် ဖြစ်ပျက်နေကြကုန်သော သတ္တ၀ါအားလုံးကို မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဥာဏ်ကို ရတော်မူသည်။ မိုးသောက်ယံတွင် ကိလေသာဟူသမျှကို အကြွင်းမရှိ ပယ်နိုင်စွမ်းသော အာသာဝက္ခယဥာဏ်ကို ရတော်မူသည်။ နေအရုဏ်တက်သည်နှင့် တပြိုင်နက် သဗ္ဗေညုဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူသည်။
အချိန်ကား မဟာသက္ကရာဇ် ၁၀၃- ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဒဟူးနေ့အကုန်။ သက်တော်ကား ၃၅ နှစ်။

24. Attainment of Buddhahood.
After the victory over Mara, Bodhisat continued to meditate the inhalation and exhalation meditation. Then at nightfall He attained the knowledge remembering former states of existences (Pubbenivasanussatinana); at midnight attained the celestial eye (Dibbacakkanana); at dawn attained the knowledge of extinction of four fluxions viz: desire, craving, wrong belief and ignorance (asavas). At day break He became fully Enlightened Buddha.
The time was Wednesday, full moon day of the month kason in the era one hundred and three. Bodhisat (Buddha) was thirty five years of age.

၂၅။ သတ္တဌာန
ဗုဒ္ဓသည် ဘုရားဖြစ်ပြီးနောက် မဟာဗောဓိပလ္လင်တော်နှင့်တကွ အနီးပတ်ဝန်းကျင်ရှိ နေရာခြောက်နေရာ၌ တနေရာတွင် ခုနစ်ရက်ကျစီ သီတင်းသုံးတော်မူသည်။ ယင်း ခုနစ်နေရာ ခုနစ်ဌာနကို သတ္တဌာနဟု ခေါ်၏။
ယင်းတို့တွင် ရှေးဦးစွာ မဟာဗောဓိပလ္လင်တော်၌ နိဗ္ဗာန်ချမ်းသာကို အာရုံပြုလျက် ခုနစ်ရက် သီတင်းသုံးသည်။ ယင်းသို့ ပြုသည်ကို ပလ္လင်္ကသတ္တာဟဟု ခေါ်သည်။ ထို့နောက် ဗောဓိပင်၏ အရှေ့မြောက် ၁၄ လံအကွာရှိ ကုန်းငယ်ပေါ်၌ ခုနစ်ရက် ရပ်လျက် "ဗောဓိရွှေပလ္လင်ဝယ် သဗ္ဗညုတဥာဏ်ကို ရပေသည်တကား" ဟု မျက်စိမမှိတ်ဘဲ ဗောဓိပင်နှင့်ပလ္လင်တော်ကို ကြည့်တော်မူသည်။ ယင်းသို့ပြုသည်ကို အနိမိသသတ္တာဟ ဟုခေါ်သည်။ ထို့နောက် ဗောဓိပင်နှင့် အနိမိသကုန်းအကြား၌ ခုနစ်ရက် စင်္ကြန်လျှောက်၍ နေတော်မူသည်။ ယင်းသို့ ပြုသည်ကို စင်္ကမသတ္တာဟ ဟုခေါ်သည်။ ထို့နောက် ဗောဓိပင်မှ အနောက်မြောက် အတောင် ၄၀ အကွာ အရပ်ရှိ နတ်တို့ ဖန်ဆင်းသော ရတနာအိမ်တော်၌ ခုနစ်ရက် နေတော်မူသည်။ သို့နေတော်မူစဉ် အဘိဓမ္မာတရားတော်ကို ဆင်ခြင်သုံးသပ်တော်မူ သည်။ ပဌာန်းကျမ်းသို့ ရောက်လျင် ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ် ထွက်တော်မူသည်။ ရတနာအိမ်တော်၌ နေတော်မူသည်ကို ရတနာဃရသတ္တာဟ ဟုခေါ်သည်။ ထို့နောက် ဗောဓိပင်၏ အရှေ့မျက်နှာ ၃၂ လံအကွာရှိ အဇပါလခေါ် ဆိတ်ကျောင်းညောင်ပင်ရင်း၌ ခုနစ်ရက်နေတော်မူသည်။ ထိုစဉ် မာရ်နတ်သမီး သုံးယောက် နှင့် ဟုံဟုံကပုဏ္ဏားတို့အား တရားပြ၍ ချွတ်တော်မူသည်။ နိဗ္ဗာန်ချမ်းသာကို အာရုံပြု၍လည်း စံပယ်တော်မူသည်။ ယင်းသို့ နေတော်မူသည်ကို အဇပါလသတ္တာဟ ဟုခေါ်သည်။ ထို့နောက် ဗောဓိပင်၏ အရှေ့တောင် မျက်နှာ အရပ်ရှိ မုစလိန္ဒအိုင်အနီး ကျည်းပင်ရင်း၌ မုစလိန္ဒနဂါးမင်း၏ အစောင့်အရှောက်ကို ခံယူလျက် နိဗ္ဗာန်ချမ်းသာကို ခုနစ်ရက် အာရုံဝင်စား သီတင်းသုံးသည်။ ယင်းသို့ ပြုသည်ကို မုစလိန္ဒသတ္တာဟ ဟုခေါ်သည်။ နောက်ဆုံးတွင် ဗောဓိပင်၏ တောင်မျက်နှာ အရပ်၌ ရာဇယတနခေါ် လင်းလွန်းပင်ရင်း၌ သမာပတ်ဝင်စား၍ ခုနစ်ရက် သီတင်းသုံးသည်။ ယင်းသို့ ပြုသည်ကို ရာဇာယတနသတ္တာဟ ဟုခေါ်သည်။

25. Seven places of seven days each.
After becoming the elightened Buddha, Buddha stayed on the alter near the sacred Bo-tree and six other places situated all around and nearby for seven days in each place. These seven places were called seven abodes (of Buddha's sojourn).
Out of these, first of all Buddha stayed on the alter under the Bo-tree for seven days enjoying the state of utter tranquility (Nibbana). That period was known as (Pallanka sattaha) seven days on the alter. After that,Buddha stood for seven days on a hillock which was fifty six cubits far from the Bo-tree, looking at the Bo-tree and the alter without closing the eyes with the contemplation. "I have attained Buddhahood on the alter under the Bo-tree." That activity was called seven days of not closing the eyes (Animisa-sattaha). Then Buddha stayed walking to and fro between the Bo-tree and the hillock for seven days. That was called seven days of continous walking (Cankama-sattaha). Then for seven days Buddha stayed in the bejewelled house created by the gods, sixty feet far from the Bo-tree in the north west of it. While thus staying He pondered over the (ultimate truth Abbidhamma. When He pondered over the treaties Patthana, aureole of six colors emanated from his body. Residing in the be-jewelled house for seven days was called Ratana ghara sattaha. Then He stayed for seven days at the foot of the banyan tree which was in the east of Bo-tree, one twenty eight cubits far away from it and which goats were tended. This staying Buddha by admonishing dispelled the misconceptions of the three daughters of Mara and hum-hum-ka brahmin. Buddha stayed there considering the bliss of tranquility (Nibbana). That staying was called Ajapala-Sattaha. Then Buddha resided for seven days enjoying the bliss of Nibbana, at the foot of the timber tree (Barring tonia acutangula) near Mucalinda lake which was situated in the southeast of the Bo-tree, under the protection of Mucanlinda dragon king. That was called Mucalinda sattaha. Lastly Buddha stayed meditating for seven days at the foot of the Kingstead tree (Buchanania Lotifolia) situated on the southern side of the Bo-tree. This was known as Rajayatana-sattaha.

1 comments:

ဂျေဂျူဝိုင် said...

ဆက်ရေးပါဦးဗျ

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP