မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၁၄၊ ၁၅၊ ၁၆၊ ၁၇]

Monday, March 23, 2009

၁၄။ တောထွက်ခန်း
ထို့နောက် သိဒ္ဓတ္ထမင်းသည် တညလုံး ခရီးပြင်းနှင်လာခဲ့သည်။ နောက်ဆုံးတွင် အနော်မာမြစ်၏ တဖက်ကမ်းသို့ ရောက်လာသည်။
ထိုနေရာတွင် ဆံတော်ကိုပယ်၍ ရဟန်းအဖြစ် ခံယူသည်။

"အမောင်ဆန္ဒ၊ ပြန်လော့။ ခမည်းတော်၊ မယ်တော်နှင့် ယသော်ဓရာတို့ကို အကျိုးအကြောင်း သံတော်ဦးတင်လော့" ဟုဆိုကာ ဆန္ဒအမတ်နှင့် မြင်းတော်ကို ပြန်လွှတ် သည်။

14. Renunciation.
Then Prince Siddhattha traveled rigorously without rest throughout the night and last reached the bank of River Anoma.
At that place (bank of the river Anoma) He cut off his hair and transformed himself into a monk.
Telling Channa, "Friends Channa! go back and tell my father, mother and wife Yasodhara all these facts," let Channa return to the city together with the horse.


၁၅။ ရဟန်းဘဝ
ရဟန်းဘ၀သို့ ရောက်လာပြီဖြစ်သော ဘုရားလောင်းသည် အနုပီယသရက်တော၌ ခုနစရက် နေတော်မူသည်။
ရှစ်ရက်မြောက်သောနေ့တွင် ထိုအရပ်မှ ထွက်ခွါလာရာ ရာဇဂြိုဟ်သို့ ရောက်လာ သည်။ မြို့တွင်းသို့ ၀င်ကာ အိမ်စဉ်တလျှောက် လှည့်၍ ဆွမ်းခံသည်။ ထူးခြားသော ရုပ်သွင်ကြောင့် တမြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်ကြသည်။ အမျိုးမျိုး ထင်မြင် ပြောဆိုကြသည်။
ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးလည်း နန်းတော်ပေါ်မှ လှမ်းမျှော်ကြည့်ရှုပြီးလျှင် မင်းချင်းတို့ကို လိုက်လံစုံစမ်းစေသည်။
"အချင်းတို့ လိုက်လံကြည့်ကြ။ မြို့ပြင်သို့ ရောက်ပါက နတ်ဖြစ်လျင် ကောင်းကင်သို့ ပျံတက်လိမ့်မည်။ နဂါးဖြစ်လျင် မြေထဲသို့ ငုတ်လျှိုးသွားလိမ့်မည်။ လူဖြစ်လျှင် ရသမျှဆွမ်းကို သုံးဆောင်လိမ့်မည်။"

15. Monkhood.
The Bodhisat making himself into a monk, resided at the Anupiya mango forest for seven days.
On the eight day He departed from thet place and going forth reached Rajagaha city. Entering the city He went round the city accepting offerings of food from the houses in traditional order. Because of his extraordinary looks and personality the whole city was in an auproarous state and the citizens talked about him with various opinions.
King Bimbisara, king of Rajagaha looking out from the palace let his attendents enquire about him. "Oh attendants! follow him and look what he dose; if he is a celestial being will ascend to the sky; if he is a dragon he will immerge into the earth, and if he is a human being He will partake of the food received."


၁၆။ ဘုရားလောင်းနှင့် ဗိမ္ဗိသာရမင်း
ဘုရားလောင်းသည် ဆွမ်းခံပြီးသော် မြို့ပြင်သို့ထွက်၍ ပဏ္ဍ၀တောင်ရိပ်တွင် ထိုင်လျှက် ဆွမ်းစားရန် ပြင်ဆင်သည်။ သပိတ်ထဲ၌ အိမ်ပေါင်းစုံမှ လောင်းလှူလိုက်သော ဆွမ်းနှင့် ဟင်းမျိုးစုံရောလျှက် ရွံဖွယ်ဖြစ်နေသည်။ ဘုရားလောင်းအဖို့ သည်အစာမျိုးကို စားဖူးရန် မဆိုထားနှင့် မြင်မျှမမြင်စဖူး။ ထို့ကြောင့် စားမည်ပြင်လိုက်သောအခါ ပျို့အံလုမတတ် ရှိသည်။ ထို့နောက်မှ မိမိကိုယ်ကို ဆုံးမသည်။
"အချင်းသိဒ္ဓတ္ထ၊ သစ္စရာတရားကို ရှာဖွေရန် သင် တောထွက်၍ ရဟန်းပြုသည် မဟုတ်လော၊ ရဟန်းဖြစ်က သည်ဆွမ်းမျိုးကို သုံးဆောင်ရမည်။ ယခု ဘာကြောင့် ရွံ့ရှာနေရသနည်း" ဟုဆိုကာ ဘုဉ်းပေးတော်မူသည်။
မင်းချင်းတို့သည် တွေ့မြင်ရပုံ အလုံးစုံကို ဗိမ္ဗိသာရမင်းကြီးအား ပြန်လည် သံတော်ဦး တင်ကြသည်။ မင်းကြီးသည် ဘုရားလောင်းထံသွား၍ စုံစမ်းမေးမြန်းသည်။ အဖြစ်မှန်ကို သိသောအခါ အလွန်ကြည်ညိုလှသဖြင့် သူ၏ ထီးနန်းစည်းစိမ်ကို အပ်နှင်းသည်။ ဘုရားလောင်းက ငြင်းပယ်သောအခါ မင်းကြီးက-
"အရှင်မြတ်သည် ဘုရားဖြစ်တော်မူပါလိမ့်မည်။ ဘုရားအဖြစ်သို့ ရောက်သောအခါ အကျွန်ပ်၏ တိုင်းပြည်သို့ ရှေးဦးစွာ ကြွတော်မူပါ" ဟု ပန်ကြားသည်။ ဘုရားလောင်းကလည်း-
"ကောင်းပါပြီ အသင်မင်းကြီး" ဟု ၀န်ခံစကား ဆိုလိုက်သည်။

16. Bodhisat and King Bimbisara.
After receiving alms Bodhisat went put of the city, sat in the shade of Pandava mountain and prepare to partake the meal. Rice and various curries offered by numerous households, got mixed up in the alms bowl and appeared loathsome. As for the Bodhisat, He had never perceived such kind of food, let alone eat it. He felt nauseated once He got ready to eat the food. Then He admonished himself thus.
"Siddhattha! Heaven't you become a recluse and retired to the wilderness to seek for the noble truth? As a monk you have to partake such sort of food. Now why do you feel detested and nauseated?" Then He ate the meal.
Royal attendants informed all the events to King Bimbisara.The King went to the Bodhisat and enquired about him. When he knew the truth, the king revered the Bodhisat and offered his kingdom. Bodhisat refused the offer. The king requested thus, "Your reverence will become the Enlightened Buddha; when you become thus, come to my country first of all."
Bodhisat gave His promise saying, "very well your majesty!"


၁၇။ အာဠာရနှင့် ဥဒကထံသို့
ဘုရားလောင်းသည် ရာဇဂြိုဟ်ပြည်မှ ထွက်ခွါလာခဲ့သည်။ အာဠာရ ရသေ့ထံသွား၍ တရားကျင့်သည်။ အာဠာရသည် တပည့် ပရိဗိုဇ်များစွာကို တရားပြနေသော ဂိုဏ်းဆရာကြီး ဖြစ်သည်။ (ပရိဗိုဇ်ဆိုသည်မှာ သာသနာမှ အပဖြစ်သော ရဟန်းဖြစ်သည်။)
ဘုရားလောင်းသည် ကြိုးစားအားထုတ်ရာ ရက်အနည်းငယ်အတွင်းမှာပင် အာဠာရသိ သော တရားကို သိမြင်သည်။ သို့ရာတွင် မကျေနပ်။
"သည်တရားမျှဖြင့် အို၊ နာ၊ သေဘေးမှ မလွတ်မြောက်နိုင်သေး" ဟုဆိုကာ အာဠာရထံမှ ထွက်ခွါလာခဲ့သည်။
ထို့နောက် ဥဒက ရသေ့ထံသွား၍ တရားကျင့်ပြန်သည်။ အားရကျေနပ်ခြင်း မရှိပြန်။
"ဥဒက ရရှိသော တရားသည်လည်း သစ္စာတရား မဟုတ်သေး" ဟုဆိုကာ ထွက်ခွါခဲ့ပြန်သည်။


17. To Alara and Udaka.
Bodhisat departing Rajagaha went to the hermit Alara and under him practised penances. Alara was the head of the sect and was teaching many itinerant heretics. (Paribbajaka was a recluse outside of the Buddhist era.)
Bodhisat exerted vigorously and in a few days gained the knowledge attained by Alara. But He was not satisfied.
Thinking " Such doctrine cannot lead to freedom from old age, sickness and death." He departed from Alara.
Then He went to Udaka and practised the Yoga (penances.) There also He did not feel satisfied and saying "The knowledge (doctrine) gained by Udaka also is not the nobel truth", departed again.

0 comments:

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP