ရှိခိုးတိုင်း သရဏဂုံမဖြစ်

Thursday, June 20, 2013



ရှိခိုးတိုင်း သရဏဂုံမဖြစ်


မည်သည့်ပုဂ္ဂိုလ်ကိုမဆို ရှိခိုးတိုင်း သရဏဂုံမဖြစ်။ ယုံကြည်ဆည်းကပ်မှု မဟုတ်။ သီလ သမာဓိ ပညာ အကျင့်တရားတို့နှင့် ပြည့်စုံ၍ မြင့်မြတ်သော ပုဂ္ဂိုလ် အဖြစ်အဖြင့် ရှိခိုးမှသာ သရဏဂုံဖြစ်သည်။ ယုံကြည်ဆည်းကပ်မှုဖြစ်သည်။

၁။ ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း၊
၂။ ကြောက်၍ ရှိခိုးခြင်း၊
၃။ ဆရာဖြစ်၍ ရှိခိုးခြင်း၊
ဤ ရှိခိုးခြင်းများသည် သရဏဂုံ မဖြစ်။ မြတ်စွာဘုရားကိုပင် ဆွေမျိုးဖြစ်၍ ရှိခိုးလျှင် သရဏဂုံ မဖြစ်ပေ။



ရှိခိုးသော်လည်း သရဏဂုံမပျက်


ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်သဖြင့် သရဏဂုံတည်နေသော ဗုဒ္ဓဘာသာဝင်တယောက်သည် တခြားဘာသာမှ ဘုရားဆိုသူများ၊ ဘုန်းကြီးဆိုသူများကို ဆွေမျိုးဖြစ်ခြင်း၊ ဆရာဖြစ်ခြင်းကြောင့် ရှိခိုးသော်လည်း တည်ပြီးသား သရဏဂုံ မပျက်။ မြင့်မြတ်သော ပုဂ္ဂိုလ်ဟု ယူဆ၍ ရှိခိုးမှသာ သရဏဂုံ ပျက်သည်။


[ချမ်းမြေ့ရိပ်သာဆရာတော် - လူငယ်သင် ချမ်းမြေ့ အခြေပျိုး ဗုဒ္ဓဘာသာ၊ စာအုပ်၊ ၁၉၈၁ မေလ၊ ပထမအကြိမ် မှ….]

အပြည့်အစုံသို့>>>

ရန်လိုသော ရဟန်းနှင့် လိမ္မာသော တကာ

Sunday, June 13, 2010

ကမ္ဘာလောက၌ အပြစ်ဒဏ်ပေးခြင်းသည် ထာဝစဉ် လိုအပ်နေလိမ့်မည်ဟု ထင်သည်။ ဤသံဃ အဖွဲ့အစည်းထဲ ရောက်လာပြီး ငါ၏ အဆုံးအမ ဥပဒေသတို့ကို အစဉ်မပြတ် ကြားနာရသော်လည်း များစွာသော ရဟန်းတို့မှာ ဒေါသနှင့် မာန်မာန ကြီးလွန်းလှသဖြင့် ၀ိနည်းကျင့်ဝတ် ဆိုသည်တို့ကို မေ့လျက် ငါ၏ ရှေ့မှောက်၌ပင် နှုတ်လှန် ထိုးကြသည်။ အချို့ ရဟန်းများမှာ အကယ်၍ သူတို့အား မကောင်းမှုတခုခုမှ တားမြစ်ပိတ်ပင်လျှင် သူတို့သည် ယင်း မကောင်းမှုကိုသာလျှင် ထောက်ခံ အားပေးကြသည်။ သူတို့သည် မသိနားမလည်သော်လည်း 'သိပါပြီ၊ နားလည်ပါပြီ' ဟု ပြောလျက် ထိုအချက်ကို လွှဲဖယ် ပစ်ကြလေသည်။ ထိုနောက် အမှားပြုပြီးသောအခါ၌ 'တပည့်တော်တို့ သိမှ မသိဘဲ' ဟု ပြောကြသည်။ ရှင်းလင်းပြောပြ ဆိုဆုံးမသည့်အခါ၌မူ နားမထောင်ဘဲ 'သိပါပြီ၊ နားလည်ပါပြီ' ဟု ပြောလျက် ရှောင်ဖယ် ထွက်သွားချင်ကြသည်။ရှင်းလင်းပြောပြ ဆိုဆုံးမခြင်း ခံရမှုကို ဂုဏ်ငယ်သည်ဟု ထင်မှတ်ကြသည်။ ရှင်းလင်းပြောပြ ဆိုဆုံးမမှု ရပ်လိုက်သည့် အခါ၌မူ စိတ်ထင်တိုင်း အမှားကို ပြုလုပ်၍ 'တပည့်တော်တို့ သိမှ မသိဘဲ' ဟု ပြောကြသည်။ တခါတရံတွင် စကားလုံးဖြင့် ရိုသေမှုကို ပြကြသော်လည်း အသံဖြင့်မူ ကြီးစွာသော မရိုသေမှုကို ပြုကြသည်။

စိတ်ထဲရှိသမျှကို ပွင့်လင်းစွာ ဖွင့်မပြကြပေ။ တစုံတယောက်၏ ရှေ့မှောက်၌ မိမိ၏ စိတ်ထဲရှိသမျှကို ပွင်လင်းစွာ ဖွင့်မပြနိုင်သူတဦးက တစုံတဦးအား ပြုပြင်စေလိုသည်မှာ မဖြစ်နိုင်ပေ။ သူသည် မြင့်မြတ် စင်ကြယ်သည့်စိတ် ရှိသူလည်း မဖြစ်နိုင်ပေ။ ယုံကြည် စိတ်ချထိုက်သူလည်း မဖြစ်နိုင်ပေ။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် ဘယ်လောက်ပင် စကားကြွယ်သော်လည်း အပြီးသတ်တွင် လူ့လောက၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရတတ်လေသည်။

ယနေ့ ကောသမ္ဗီမှ ဒေါသကြီးသော ရဟန်များ ရောက်လာကြသည်။ ထိုနေ့က ငါက သူတို့အား ရှင်းလင်း ပြောပြဆိုဆုံးမသော်လည်း သူတို့သည် နားမထောင်ကြ။ ဘာမှမဟုတ်သည့် အကြောင်းကလေးတခုဖြင့် သူတို့သည် သံဃအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင် ပြုလုပ်ကြသည်။

ရဟန်းတပါးသည် ကိုယ်လက်သုတ်သင်ရန် သွားသည့်အခါ ရေခွက်ထဲ၌ ရေကျန်ကို ချန်ထားပြီး ပြန်လာခဲ့သည်။ အခြားရဟန်းတပါးက ယင်းကဲ့သို့ ရေချန်ထားခြင်းမှာ မသင့်လျော်ဟု ပြောပြသည်။ အကြောင်းအရာမှာ ဘာမျှ ဖြစ်လောက်သည့် အရာမဟုတ်။ ရိုးရိုးကလေးပင် ဖြစ်သည်။ ယင်းမှားယွင်းချက်ကို ၀န်ခံလိုက်ရုံသာလျှင် ဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့ မဟုတ်ပေ။ ထိုအချက်ကို ရေးကြီးခွင်ကျယ်လုပ်၍ အငြင်းပွါးလေတော့သည်။ ကမ္ဘာလောကသည် တဒင်္ဂတခဏမျှသာ ခံသည်။ ဤကမ္ဘာလောက၌ သန့်ရှင်းစင်ကြယ်သည့်အရာ မည်သည့်အရာ ဖြစ်သည်၊ မသန့်ရှင်း မစင်ကြယ်သည့်အရာ ဆိုသည်မှာ မည်သည့်အရာဖြစ်သည် စသည်ဖြင့် တရားဟောလေတော့သည်။ လူ့ဘ၀၌ အသိဥာဏ်နှင့် အတွေးအခေါ်သည် ပေါင်းစပ်ရ၏ဟု ယင်း 'အလွန်' ၀ါဒီ၊ တဖက်စွန်းဝါဒီများသည် မသိနားမလည်ကြပေ။ ယင်းမသိနားမလည်မှု၏ အကျိုးတရား အဖြစ်ဖြင့် ထိုရဟန်း၏ အတွင်း၌ အုပ်စုဖွဲ့မိသွားကြပြီးလျှင် အုပ်စုနှစ်ခု အချင်းချင်း ခိုက်ရန်ဒေါသများစွာ ဖြစ်ကုန်ကြတော့သည်။

ငါ၏ အထံသို့ သတင်းရောက်လာသောအခါ ငါသည် ရှင်းလင်းပြောပြ ဆိုဆုံးမရန် သွားခဲ့လေသည်။ သို့ရာတွင် သူတို့က ပြောပြသည်။

"အရှင်ဘုရားသည် တရားရှင်ဖြစ်လျှင် အေးအေးဆေးဆေးသာ နေတော်မူပါ၊ တပည့်တော်များ အကြားတွင် ၀င်မလာပါနှင့်၊ တပည့်တော်တို့ ကိုယ့်ဟာကိုယ် ဖြေရှင်းပါမည်"

သူတို့၏ ယင်းကဲ့သို့ မာန်မာနတက်ကြွနေမှုကို တွေ့ရ၍ ငါသည် တအ့တသြ ဖြစ်မိသည်။ သို့သော်လည်း ကမ္ဘာလောက၏ အခြေအနေကို စဉ်းစားဆင်ခြင်၍ ငါသည် ကိုယ့်စိတ်ကို ကိုယ်ဖြေရလေသည်။

သူတို့ကို ရှင်းလင်းပြောပြ ဆိုဆုံးမခြင်းသည် အချည်းနှီး အလဟဿပင် ဖြစ်သည်။ များစွာသော သတ္တ၀ါတို့သည် အထိခိုက် အနစ်နာ ခံရပြီးမှသာလျှင် အမှန်သို့ ရောက်ရှိလာတတ်သည်။ ထို အဆင့်သို့ မရောက်ခင် ၎င်းတို့အား ရှင်းလင်းပြောပြ ဆိုဆုံးမနေ၍ အရာမထင် အချည်းနှီး အလဟဿပင် ဖြစ်သည်။ ထိုမျှသာမက ထိုကဲ့သို့သော ပုဂ္ဂိုလ်များအား ရှင်းလင်းပြောပြ ဆိုဆုံးမခြင်းအားဖြင့် သူတို့၏ ကျွဲပါးစောင်းတီး သဘောသည် ပို၍ပင် တိုးပွါးလာတတ်သည်။ သို့ဖြစ်၍ ငါသည် ထိုရဟန်းများအား ရှင်းလင်းပြောပြ ဆိုဆုံးမခြင်း မပြုလုပ်တော့ပေ။ ထိုမျှသာမက ငါသည် သူတို့ကို ရန်ပွဲတန်းလန်းနှင့် ထားပစ်ခဲ့လျက် ကောသမ္ဗီမှ ထွက်လာခဲ့လေသည်။

ငါ ထွက်လာသည့်အခါ ကောသမ္ဗီမှ ဥပသကာများသည် များစွာ စိတ်ထိခိုက်သွားကြသည်။ သူတို့သည် ရဟန်းများ၏ အထံသို့ အသွားအလာ ဖြတ်ပစ်လိုက်ကြသည်။ ရဟန်းများနှင့် တွေ့ဆုံခြင်း၊ ရဟန်းများအား ဆွမ်း ကွမ်း ပေးကမ်းလှူဒါန်းခြင်းများကိုလည်း မပြုလုပ်ကြတော့ပေ။ ထိုအခါကျမှ ရဟန်းများ သတိတရား ရရှိလာကြ ကုန်သည်။ မိမိ၏ အပြစ်ကို ဖြေဖျောက်ရန်အတွက် သူတို့သည် ကောသမ္ဗီမှ သာဝတ္ထိအထိ ငါ၏အထံသို့ ပြေးလာကြလေသည်။

ငါ တွေးတော စဉ်းစားမိသည်။ လူ့ဘောင်ကို စွန့်ခွါလာခဲ့ကြသည့် ဤ ရဟန်းများအတွက် ပင်လျင် လမ်းမှန်ရောက်အောင် ဤမျှလောက် တင်းကျပ်မှု လိုနေလျှင် သာမန်ပုဂ္ဂိုလ်များအတွက်မူ ဆိုဖွယ်ရာ ရှိတော့မည်နည်း။ ထို့ကြောင့် ညွှန်ကြားပြသ ဆိုဆုံးမခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း နှစ်မျိုးလုံး လိုအပ်၏ဟု ပြောရခြင်း ဖြစ်လေသည်။

သို့ရာတွင် အပြစ်ဒဏ်ပေးခြင်းသည် တိရစ္ဆာန်ဘ၀၏ အမှတ်လက္ခဏာ ဖြစ်သည်။ လူနှင့် တိရစ္ဆာန်၏ အဓိကထူးခြားမှာ လူသည် အဆိုးကို ကိုယ်တိုင်သော်လည်း သိရှိနားလည်လေသည်။ သို့မဟုတ် အရိပ်ပြရုံဖြင့်လည်း သိရှိနားလည်လေသည်။ ထိုနောက် ယင်းအဆိုးကို ဖယ်ရှားပစ်ရလေသည်။ တိရစ္ဆာန်မှာမှ အဆိုးကို မသိနားမလည်၊ သို့သော် အဆိုးကို မဖယ်ရှားဘဲနေ၍ မဖြစ်သဖြင့် ဖယ်ရှားပစ်ရလေသည်။ ကောသမ္ဗီမှ ရဟန်းများ၏ နောင်တမှာ ထိုသဘောအတိုင်း ဖြစ်လေသည်။

ယခုအခါတွင် သူတို့သည် နောင်တများစွာ ရနေသော်လည်း ယင်းနောင်တရမှု၏ အကျိုးတရားမှန်ကို ရရှိကြတော့မည် မဟုတ်ပေ။ ယခင်အခါကမူ အနည်းငယ်သောနောင်တရမှုဖြင့်ပင် အကျိုးများစွာ ရရှိနိုင်ကြပေ သည်။ ငါ၏ ချစ်ခင်ကြင်နာမှုနှင့် ပြည်သူလူထု၏ အကြည်ညိုပွါးမှုများကို ရရှိနိုင်ကြပေသည်။

စိတ်နှလုံးကို မစောင့်စည်း မထိန်းချုပ်မှုသည် နောင်ဘ၀တွင်သာမဟုတ်ဘဲ ယခုဘ၀၌လည်း အကျိုးတရားကို ပေး၏ ဟူသော အချက်မှာ ယုံမှားသံသယ ဖြစ်ဖွယ်ရာ မရှိတော့ပေ။

ယင်း အဖြစ်အပျက်ကြောင့် အကြောင်းတရားတခု သိရှိရသည်မှာလည်း အကယ်၍ ဒါယကာများက အသိဥာဏ်ပညာရှိနေကြပါလျှင် ရဟန်းသံဃာများအတွင်း၌ ဖောက်ဖောက်ပြန်ပြန် ဖြစ်လာဖို့ရာ မလွယ်ကူပေ။ ဒါယကာများအနေဖြင့် ကောသမ္ဗီမှ ဒါယကာများကဲ့သို့ အသိဥာဏ်ပညာနှင့် ပြည့်စုံနေသရွေ့ ငါ၏ သံဃအဖွဲ့အစည်းသည် မှန်ကန်ကောင်းမွန်သော သံဃအဖွဲ့အစည်းစာလျှင် ဖြစ်နေပေလိမ့်မည်။

ပါရဂူ
[ဗုဒ္ဓဒိုင်ယာရီ စာအုပ် ဆဌမအကြိမ်နှိပ်ခြင်း၊ ၁၉၉၀ ဖေဖော်ဝါရီ- မှ ကူးယူဖော်ပြပါတယ်။]

မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၂၂၊ ၂၃၊ ၂၄၊ ၂၅] ပြုစုသူ- မင်းယုဝေ။ သရုပ်ဖော်-ပန်းချီဦးစိန်

Friday, January 15, 2010

၂၂။ ဗောဓိညောင်ပင်သို့
ညနေချမ်းသို့ ရောက်သောအခါ ဘုရားလောင်းသည် ထိုနေရာမှ တမိုင်ခန့်ကွာဝေး သော ဗောဓိညောင်ပင်ရှိရာသို့ ကြွသွားသည်။ လမ်းတွင် မြက်ရိတ်သမား သောတ္ထိယနှင့် တွေ့သဖြင့် မြက်ရှစ်ဆုပ်ကို အလှူခံခဲ့သည်။
ဗောဓိညောင်ပင်ရင်းသို့ ရောက်သောအခါ မြက်ရှစ်ဆုပ်ကို ဖြန့်ခင်းသည်။ တင်ပျဉ်ခွေ ထိုင်ကာ အာနာပါနကမ္မဌာန်းကို စီးဖြန်းသည်။ "ဘုရားအဖြစ်သို့ မရောက်သမျှ သည်နေရာက မထတော့ပြီ" ဟုလည်း အဓိဌာန်ပြုသည်။

အပြည့်အစုံသို့>>>

မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၁၈၊ ၁၉၊ ၂၀၊ ၂၁]

Tuesday, March 24, 2009




၁၈။ ပဉ္စ၀ဂ္ဂီ ငါးဦး
ဘုရားလောင်းသည် ဥရုဝေလတောသို့ ရောက်သောအခါ ထိုတောမှာပင်နေ၍ ဒုက္ကရစရိယာအကျင့်ကို ကျင့်သည်။
မကြာမီ ပရိဗိုဇ်ရဟန်းငါးပါး ရောက်လာကြသည်။ သူတို့မှာ ရှင်ကောဏ္ဍည၊ ရှင်ဝပ္ပ၊ ရှင်ဘဒ္ဒိယ၊ ရှင်မဟာနာမ်၊ ရှင်အဿဇိတို့ ဖြစ်ကြသည်။ (ရှင်ကောဏ္ဍညမှာ ဘုရားလောင်း ဖွားမြင်စက လက္ခဏာဖတ်ကြသော ပုဏ္ဏားရှစ်ယောက်အနက် 'မုချဘုရားဖြစ်လိမ့်မည်' ဟုဟောခဲ့သော ပုဏ္ဏားငယ်ဖြစ်သည်။ ပရိဗိုဇ်လေးဦးမှာ ကျန်လက္ခဏာဖတ် ပုဏ္ဏားများ၏ သားများ ဖြစ်ကြသည်။)

အပြည့်အစုံသို့>>>

မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၁၄၊ ၁၅၊ ၁၆၊ ၁၇]

Monday, March 23, 2009

၁၄။ တောထွက်ခန်း
ထို့နောက် သိဒ္ဓတ္ထမင်းသည် တညလုံး ခရီးပြင်းနှင်လာခဲ့သည်။ နောက်ဆုံးတွင် အနော်မာမြစ်၏ တဖက်ကမ်းသို့ ရောက်လာသည်။
ထိုနေရာတွင် ဆံတော်ကိုပယ်၍ ရဟန်းအဖြစ် ခံယူသည်။

အပြည့်အစုံသို့>>>

ဗုဒ္ဓစကား- ဗုဒ္ဓသာသနာ။ ရေးသူ- ပါရဂူ

Monday, March 2, 2009

၁။ မကောင်းမှုဟူသမျှကို မပြုလုပ်ခြင်း၊ ကုသိုလ်ကောင်းမှုကို ပွါးစည်းခြင်း၊ မိမိစိတ်ကို ဖြူစင်စွာထားခြင်း- ဤကား ဗုဒ္ဓမြတ်စွာတို့၏ အဆုံးအမ သာသနာ ဖြစ်သည်။

အပြည့်အစုံသို့>>>

မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄]

Tuesday, February 17, 2009



၁၀။ သူအို၊ သူနာ
သိဒ္ဓတ္ထမင်းသည် သက်တော် ၂၈-နှစ်သို့ ရောက်သောအခါ တနေ့တွင် ဥယျာဉ်သို့ တောကစားထွက်သည်။ နတ်တို့က ဖန်ဆင်းပြသဖြင့် လမ်းခုလတ် တနေရာတွင် သူအိုကို တွေ့သည်။
"လောက၌ မွေးဖွားလာသူမှန်သမျှ အိုမင်းရမည်သာတကား" ဟူ၍ သံဝေဂရကာ နန်းတော်သို့ လှည့်ပြန်သည်။
လေးလကြာသောအခါ ဒုတိယအကြိမ် ဥယျာဉ်သို့ ထွက်ပြန်သည်။ လမ်းတွင် သူနာတယောက်ကို တွေ့သည်။
"နာခြင်းသဘောကို မည်သူမျှ မလွန်ဆန်နိုင်ပါတကား" ဟု သံဝေဂရပြန်သည်။ နန်းတော်သို့ ပြန်ခဲ့ပြန်သည်။

10. The aged and the sick.
Prince Siddhattha reached the age of twenty eight and one day he went to the royal garden for sports. On his way to the garden and at a certain place he saw an aged man who was created and shown by the gods.
"In this world who ever was born is susceptible to old age," thus becoming agitated he returned to the palace.
After four months, for the second time He went to the royal garden and on the way saw a sick person.
"No one can go against sickness," thus He again became agitated and returned to the place.

အပြည့်အစုံသို့>>>

"ဘုန်းဘုန်း တာ့တာ"။ ရေးသူ- ဒေါ်အမာ

Thursday, January 29, 2009


ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စရောက်တာနဲ့ စိတ်များ ကတောက်ကတက် ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။
"ဘုန်းဘုန်း တာ့-တာ" ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲ ဖြစ်ဖြစ် "တာ့-တာ" လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။

အပြည့်အစုံသို့>>>

စကားပီ နားကြား ရှိတယ်မဟုတ်လား။ ရေးသူ- လူထုဒေါ်အမာ

တနေ့က ဆရာတော်ကြီးတပါးကို အိမ်မှာ ဆွမ်းကပ်နေတုန်း ဧည့်သည်လာတယ်ဆိုလို့ ထွက်တွေ့တော့ ဧည့်သည်က ရန်ကုန်က အမေတို့ မိတ်ဆွေများရဲ့ မြေးကလေး မောင်နှမ ဖြစ်နေတယ်။ ဒါနဲ့ အမေက ဘယ်တုန်းက လာကြသလဲ၊ ဘယ်မှာတည်းသလဲ မေးရင်း "အဘွား ဆရာတော်ကြီး... ကို ဆွမ်းကပ်နေတယ်၊ ကြုံတုန်း ဆရာတော်ကို ဖူးသွားကြ၊ ၀င်ကန်တော့ကြ" လို့ ခေါ်တော့ မိန်းကလေးက "တော်ပြီအဘွား" တဲ့။ "ဟဲ့၊ ဘာလို့တုန်း" လို့ တအံ့တသြ ပြန်မေးမိတော့ "ဘုန်းကြီးနဲ့ စကားမပြောတတ်လို့" တဲ့ ရယ်လို့။

အပြည့်အစုံသို့>>>

မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၆၊ ၇၊ ၈၊ ၉]

၆။ တလသားအရွယ်
သိဒ္ဓတ္ထမင်းသား တလသားအရွယ်တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် လယ်ထွန်မင်္ဂလာကျင်းပရာသို့ ခေါ်ဆောင်သွားသည်။ ခမည်းတော် လယ်ထွန်မင်္ဂလာ ပြုနေစဉ် အနီးရှိ ဇမ္ဗုသပြေပင်အရိပ်၌ သိပ်ထားသည်။ ထိုအခါ သိဒ္ဓတ္ထမင်းသားကလေးသည် အိပ်ရာထက်တွင် တင်ပျဉ်ဖွဲ့ခွေထိုင်လျက် အာနာပါန ကမ္မဌာန်းကို စီးဖြန်းနေသည်။

အပြည့်အစုံသို့>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP